"Oisin!!! အလုပ်လုပ်စမ်း! ငေးမနေနဲ့!!!"
Kelera Empire ၏ ကုန်ကူးသင်္ဘောတစ်စင်းဖြစ်သော Sylvra သင်္ဘောပေါ်၌ သင်္ဘောသားများနှင့် လုပ်သားများ အလုပ်လုပ်နေကြသည်။
92Please respect copyright.PENANA6d0ymeylj5
သင်္ဘောသားများသည် အရွယ်ရောက်ပြီးသူများ ဖြစ်သော်ငြား လုပ်သားများတွင်တော့ ဆယ်ကျော်သက်အရွယ်ကလေးများပါဝင်၏။
သို့သော် အားလုံးထဲတွင် ထူးခြားမှုကို သတိထားမိသူမှာ Oisin ဆိုသည့် ၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်သာ....
92Please respect copyright.PENANADUeVAXAWwg
"Sorry, First mate Marco....
ဒါပေမယ့် ဇီးကွက်တွေက နေ့ဘက်အပြင်ထွက်တတ်သလားဟင်?"
"ဘာလို့ မေးတာလဲ?"
"ဟိုမှာကြည့်...."
ကောင်လေး လက်ညှိုးထိုးပြရာကို လိုက်ကြည့်လိုက်တော့ တကယ်ပင် ရွက်တိုင်ထိပ်ကနေ အောက်ကို ငုံ့ကြည့်နေသည့် အဖြူရောင် ဇီးကွက်ကလေးကို မြင်ရသည်။
92Please respect copyright.PENANAOzcmbYH07U
"Merciel!!!!"
"Aye, First mate?"
"ရွက်တိုင်ထိပ်က ငှက်ကို မောင်းထုတ်လိုက်စမ်း...."
"Aye!!!"
92Please respect copyright.PENANAKoJGv8zJiv
Merciel ဆိုသည့် အမျိုးသမီးငယ်က ရွက်တိုင်ထိပ်ကို ကျွမ်းကျင်စွာတက်သွားပြီး ဇီးကွက်ဖြူလေးကို မောင်းထုတ်လိုက်၏။
92Please respect copyright.PENANAESRV8zlSzQ
"ကဲ.... ကျေနပ်ပြီလား ကိုယ်တော်လေး....."
First mate Marco က ခါးထောက်ကာပြောလိုက်တော့ Oisin မှာရိုကျိုးစွာခေါင်းငြိမ့်၏။
"အလုပ်သွားလုပ်တော့...."
"ဒါပေမယ့် အဲဒါထူးဆန်းတယ်လို့ မထင်....."
"လျှာရှည်ပြန်ပြီ.... အလုပ်လုပ်တော့...."
First mate ဆူလိုက်တော့ Oisin ၏ ဇက်ကလေးပုသွား၏။
92Please respect copyright.PENANA14GoMWvu6f
သို့သော်ငြား နေ့လည်ခင်းတွင်တော့ သင်္ဘောပေါ်၌ တဝဲလည်လည်လုပ်နေသော ဇီးကွက်ဖြူလေးအား တွေ့ပြန်၏။
ဒီတစ်ကြိမ်တွင်တော့ Oisin ဘယ်သူ့ကိုမှမပြောဖြစ်တော့....
ထပ်ပြောလျှင်လည်း First mate Marco ၏ ကြာပွတ်စာမိရုံတင်....
92Please respect copyright.PENANAfATqbcRnvU
🦉
92Please respect copyright.PENANATklhCnUuhe
“Bless us, Mother Voryva, Protect us, Mother Keisah....”
Empress Arietta သည် နတ်ဘုရားရုပ်တုတော်များအား ပူဇော်ရင်း ကောင်းချီးနှင့် ကာကွယ်မှုရရန် ဆုတောင်းနေ၏။
92Please respect copyright.PENANA76UWIhvLq8
"နတ်ဘုရားတွေကတော့ မယ်တော်ရဲ့ဆုတောင်းကို ဖြည့်ပေးမှာ မဟုတ်ဘူး...."
Lonan က နတ်ကွန်းထဲကို ဝင်လာရင်းပြောလိုက်သည်။
"နတ်ဘုရားတွေကို အဲဒီလို မပြောရဘူးလေ Lonan...."
"ဒီမှာ...."
Lonan က နယ်စားကြီး Fergus ရဲ့ ခေါင်းကို ထည့်ထားသည့် ဖန်ပုလင်းကြီးကို မိခင်ဖြစ်သူအား ပြလိုက်၏။
92Please respect copyright.PENANAlOAWefeAae
"Oh my Voryva.... မင်း ဘာလုပ်ခဲ့တာလဲ Lonan!!!"
"Fergus Artair က မယ်တော့်ကို ဆန့်ကျင်ဖို့ စစ်သားတွေ စုဆောင်းနေတာ လူတိုင်းသိတာပဲ....
ကျွန်တော်က သားတော်တစ်ယောက်အနေနဲ့ လုပ်သင့်တာကို လုပ်လိုက်တာ...."
"ငါ့ကို မပြောပဲနဲ့လား?"
"ကျွန်တော့်အမေကို ကာကွယ်ဖို့လေ...."
"ငါက မင်းရဲ့ ဧကရီဆိုတာကိုရော မေ့သွားပြီလား!!!"
92Please respect copyright.PENANAQEDnN9kmo6
Arietta အော်ပြောလိုက်တော့ Lonan က ရိုကျိုးစွာ ခေါင်းငုံ့သွား၏။
"ငါက မိန်းမတစ်ယောက်မို့လို့ ပျော့ညံ့ပြီး Artair နယ်စားတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး ထင်နေသလား Lonan???
ငါက အင်ပါယာစစ်ပွဲတုန်းက ငါ့လူတွေကို ဦးဆောင်ပြီး Handaevian တွေကို တိုက်ထုတ်ခဲ့ဖူးတယ်ဆိုတာ မမေ့နဲ့....
မင်းရဲ့ လုပ်ရပ်က Poseides အိမ်တော် အပေါ် မကျေနပ်တဲ့ အိမ်တော်တွေအပေါ် သွေးဆူစေသလို ဖြစ်သွားတယ်ဆိုတာ သိရဲ့လား?"
"တောင်းပန်ပါတယ် မယ်တော်....
သားတော် အလျင်စလို ဆုံးဖြတ်မိသွားတယ်...."
"မင်းရဲ့ အခန်းကိုသွား အမှားကို ပြန်သုံးသပ်နေ..."
Lonan သည် မိခင်ဖြစ်သူကို အရိုအသေပြုကာ ထွက်သွား၏။
92Please respect copyright.PENANAc5ur4qWOwZ
🦉
92Please respect copyright.PENANAu4jcnM0gnX
ခွမ်း!!!
92Please respect copyright.PENANAagDOFx2WAE
မင်းသားငယ်၏ အခန်းထဲမှထွက်လာသော ဖန်ကွဲသံကြောင့် အပျိုတော်များ ဆတ်ခနဲ တုံ့သွားကြ၏။ အခန်းတွင်း ကိုတော့ မည်သူမှ ဝင်မသွားရဲကြ....
92Please respect copyright.PENANA9BjpasiMI6
တပ်မှူး Sanora ကတော့ မကြောက်မရွံ့ပင် ဝင်သွား၏။
92Please respect copyright.PENANAnMw5WKwsVj
သူအထဲကို ဝင်သွားတော့ အခန်းတွင်း၌ ဆေးရည်နံ့များ ထောင်းထောင်းထနေပြီး ဖန်ကွဲစများနှင့်အတူ ကြမ်းပြင်ပေါ်၌ လဲပြိုနေသော နယ်စားကြီး၏ ဦးခေါင်းပြတ်ကို တွေ့ရ၏။
92Please respect copyright.PENANAdG5ASoX8zA
"ထွက်သွား!!!!"
တစ်ဆက်ထဲမှာပဲ မင်းသားငယ်၏ အော်သံကိုပါ ကြားရ၏။
"စိတ်ထိန်းပါ မင်းသားလေး..."
တပ်မှူး Sanora ပြောတော့ Lonan က ဖန်ကွဲစတစ်စကို ကောက်ကိုင်လိုက်၏။
"ထွက်သွားလို့ ငါပြော...!!!"
Sanora သည် လေ့ကျင့်ထားသော စစ်သည်ဖြစ်သောကြောင့် ဘယ်သူမှ အနာတရမဖြစ်ခင် မင်းသားငယ်ကို ထိန်းချုပ်လိုက်ပြီး လှုပ်ရှားလို့မရအောင် ချုပ်ထားလိုက်၏။
92Please respect copyright.PENANAfKNeQj8TDG
"လွှတ်စမ်း!!! လွှတ်!!!! ငါလို မင်းသားကို မင်းထိရဲလား!!!"
"စိတ်လျှော့ပါ မင်းသားလေး...."
ခဏအကြာတွင်တော့ Sanora ၏ လက်ထဲ၌ Lonan ငြိမ်သက်သွား၏။
92Please respect copyright.PENANAllIokSZdEz
"အရှင်....?"
Lonan က ဒေါသကြီးစွာ လေပူတစ်ချက်မှုတ်ထုတ်သည်။
"ဒီခေါင်းကို ဘာလုပ်လိုက်ရမလဲ?"
"မီးရှို့လိုက်....
ရဲတိုက်အပြင်မှာ တံစို့ထိုးပြီးပြထားချင်ပေမယ့် မယ်တော်က ခွင့်ပြုမှာ မဟုတ်ဘူး...."
"ဟုတ်ကဲ့ပါ...."
92Please respect copyright.PENANA3vndYuujUA
"မယ်တော်က အစ်မတော်ကိုပဲ ချစ်တာ...."
Lonan က တိုးငြင်းစွာပြောတော့ နယ်စား၏ ဦးခေါင်းကို ကောက်ကိုင်လိုက်သော Sanora က လှည့်ကြည့်၏။
"ဧကရီ က မင်းသားလေးကို ချစ်ပါတယ်....
သူက စိတ်ကူလို့ပြောတာပါ...."
Lonan က မျက်နှာလွှဲသွား၏။
"ဖန်ကွဲစတွေကို အပျိုတော်တွေကို လာသိမ်းခိုင်းလိုက်ပါ့မယ်.... မထိပါနဲ့....
အရှင့်ကို အနာတရ မဖြစ်စေချင်လို့ပါ...."
မကြာသေးခင်ကမှ ဒေါသတကြီး ဖန်ကွဲစကို ဆုပ်ကိုင်ထားသောကြောင့် သွေးများတတောက်တောင်ကျနေသော လက်ထံသို့ Sanora ၏ အကြည့်များ ရောက်သွား၏။
"Healer လည်း လွှတ်လိုက်ပါ့မယ်....."
92Please respect copyright.PENANADDmqIVhY2W
Sanora ထွက်သွားချိန်တွင်တော့ Lonan ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့သည်။
92Please respect copyright.PENANAeO02p827RR
🦉
92Please respect copyright.PENANA2z9wpoRcJc
ဝုန်း!!!
92Please respect copyright.PENANAJxaSwKwGTU
လေကြမ်းကြမ်းကြောင့် Oisin လန့်နိုးလာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ Merciel?"
"အထဲမှာပဲနေ Oisin... မုန်တိုင်းတိုက်နေတာ...."
"ဒါပေမယ့် ကျွန်တော်လည်း ကူညီမယ်လေ...."
"မကူညီနဲ့!!!
မင်းတို့ကလေးတွေအားလုံး အထဲမှာ လုံလုံခြုံခြုံနေကြ...."
"ဒါပေမယ့်...."
"ဒီမှာ ငါ့ရဲ့ ဓားမြှောင်....
ငါပြန်မလာခင်အထိစောင့်ရှောက်ထား...."
Merciel က ပြုံးကာ Oisin ရဲ့ ဆံပင်တွေကိုပွတ်သပ်လိုက်၏။
ထို့နောက် သူမက သင်္ဘောဝမ်းတွင်းကနေ ကုန်းပတ်ပေါ် တက်သွား၏။
"Mer... Merciel...."
Oisin က သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို ဖြည်းညင်းစွာ သုတ်လိုက်သည်။
92Please respect copyright.PENANARgQ0Gq58Ga
Oisin သည် သင်္ဘော ဝမ်းတွင်းရှိ အပေါက်ငယ်ကလေးကနေ ကုန်းပတ်ပေါ်ကို ချောင်းကြည့်နေခဲ့၏။
92Please respect copyright.PENANA2cPFXuq1w7
မုန်တိုင်းကို အန်တုရန်ကြိုးစားနေသော လူကြီးများကို တွေ့သောအခါ သူ တိုးညင်းစွာ ဆုတောင်းမိ၏။
92Please respect copyright.PENANAieo6uqqArj
"Protect us, Mother Keisah...."
92Please respect copyright.PENANAe2Ki8GDLww
ရုတ်တရက် ရေပြင်ကထွက်လာသော နီရဲနေသည့် မျက်လုံးကြီးများနှင့် ရေဘဝဲလက်တံများကို တွေ့လိုက်ရ၏။
92Please respect copyright.PENANAJR8c4GcrDx
"K...kraken...."
92Please respect copyright.PENANAhnr3xoMqQm
Oisin နောက်ဆုံးမှတ်မိသည်က ကျယ်လောင်သော အသံကြီးနဲ့အတူ ဖရိုဖရဲဖြစ်သော သင်္ဘောကြီးသာ....
92Please respect copyright.PENANA8PQy8qBhMh
To be continued.92Please respect copyright.PENANAKV2y8o6CGf